Main menu

ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ ချေးငွေများ ပီဆို ၁.၅၉ ထရီလီယံ ၁.၃ ရာခိုင်နှုန်း အထိ ရှိလာ

Powered by Drupal

   ပြင်ပဘဏ္ဍာရေးကြွေးမြီများ သိသာထင်ရှားစွာ တိုးလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတော် အစိုးရသည် ယခုနှစ်ပထမနှစ်ဝက်တွင် ၎င်း၏ ချေးငွေများ တိုးမြင့်ခဲ့ကြောင်း သိရပါသည်။ ဘဏ္ဍာ ရေးဗျူရိုဌာန (BTr) မှ ထုတ်ပြန်သော အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ဇန်နဝါရီလမှ ဇွန်လ အထိ ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏသည် ပီဆို ၁.၅၉ ထရီလီယံအထိ ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်နှစ်အလားတူကာလချေးငွေ ပီဆို ၁.၅၇ ထရီလီယံထက် အနည်း ငယ် မြင့်တက်နေကြောင်း သိရပါသည်။ ယခင်နှစ်တွင် ပြင်ပချေးငွေ ပီဆို ၂၆၇.၄ ဘီလီယံ မှ ယခုနှစ်တွင် ပီဆို ၄၀၂.၃ ဘီလီယံအထိ မြင့်တက်ခဲ့ပါသည်။ ပြင်တွင်းချေးငွေသည် ပီဆို ၁.၂ ထရီလီယံ သို့ ၇.၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း နှင့် ပထမနှစ်ဝက်တွင် စုစုပေါင်းချေးယူမှု ၏ လေးပုံသုံးပုံကျော်ရှိပြီး ကျန် ၂၅ ရာခိုင်နှုန်းမှာ ပြင်ပရင်းမြစ်များဖြစ်ကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Ralph Recto က အစိုးရ၏ ဘဏ္ဍာရေးအစီအစဥ်သည် သတ်မှတ်ထားသည့် ပီဆို ၂.၅၅ ထရီလီယံမှ ပီဆို ၂.၆ ထရီလီယံအထိ တိုးလာမည်ဟု အစောပိုင်းက ပြောကြားခဲ့ပါသည်။ အမျိုးသား ဘဏ္ဍာရေးမှုး  Sharon Almanza က ၂၀၂၅ ခုနှစ် တတိယသုံးလပတ်ကာလတွင် အစိုးရ၏ ချေးငွေအစိအစဥ်တွင် ၆.၁ ရာခိုင်နှုန်းဖြတ်တောက်မည်ဟု အစောပိုင်းက ပြောကြား ခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအစိုးရသည် ၎င်း၏ ချေးငွေအစီအစဥ်ကို ဇူလိုင်လ မှ စက်တင်ဘာ လအထိ ယခင်သုံးလပတ်ကာလတွင် ချေးယူခဲ့သော ပီဆို ၇၃၅ ဘီလီယံမှ ပီဆို ၆၉၀ ဘီလီယံသို့ လျော့ချမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ၎င်းသည် ၃နှစ်မှ ၂၅ နှစ်အတွင်းတွင် သက်တမ်းရင့် အစိုးရချေးငွေစာချုပ်များမှ ပီဆို ၃၆၅ ဘီလီယံခန့် ထုတ်လုပ်ရန် ရည်မှန်းထား ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)