
စင်္ကာပူနိုင်ငံမှ Great Eastern ကုမ္ပဏီသည် ယခုနှစ်ဒုတိယသုံးလပတ်ကာလတွင် ၎င်း၏ အသားတင်အမြတ်ငွေသည် ယခင်နှစ်ကာလတွင် ရရှိခဲ့သော ဒေါ်လာ၂၈၀.၄ သန်းမှ ဒေါ်လာ ၂၄၈.၂ သန်း အထိ ကျဆင်းသွားကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါကုမ္ပဏီက ၎င်း၏အာမခံလုပ်ငန်းများမှ အမြတ်ငွေများသည် ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့ပါ သည်။ ယခုနှစ်ဒုတိယသုံးလပတ်ကာလအဆုံးတွင် ၎င်း၏ အသားတင် အမြတ်ငွေများသည် ယခင် နှစ်တွင်ရရှိခဲ့သော ဒေါ်လာ ၅၈၇.၁ သန်းမှ ဒေါ်လာ ၅၉၃.၇ သန်းအထိမြင့်တက်ခဲ့ပြီး ၎င်း၏ တစ်ခု ချင်းရှယ်ယာဝင်ငွေသည် ဒေါ်လာ ၁.၂၄ မှ ဒေါ်လာ ၁.၂၅ အထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Great Eastern ရှယ်ယာများ၏ ပြန်လည်စတင်ခြင်းအတွက် လွယ်ကူချော့မွေ့စေရန် ဖြေရှင်းချက် များကို ဇူလိုင်လ ၈ ရက်နေ့က ၎င်း၏ အထွေထွေအစည်းအဝေးပွဲတွင် အတည်ပြုခဲ့ကြောင်း နှင့် သြဂုတ်လ ၁၉ ရက်နေ့ဝန်းကျင်တွင် ဘောနပ်စ်ပုံမှန်ရှယ်ယာ ၄၇၃.၃ သန်းအထိ ဘောနပ်စ်ထုတ် ပေးမည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အပိုစုရှယ်ယာများကို ကြားဖြတ်အစု အမြတ်ငွေ ထုတ်ပြန်မည့် သြဂုတ်လ ၂၈ ရက်နေ့မတိုင်ခင်တွင် ထုတ်ဝေပေးရန် မျှော်မှန်း ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)