
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်အငြိမ်းစားများအား ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် လစဉ်စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက်(၀၆:၀၀) နာရီအချိန်တွင် ဆီကုန်သည်ကြီးများအသင်းမှ ခရမ်းမြို့နယ်သို့ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစားဝန်ထမ်း (၁)ဦးလျှင် စားအုန်းဆီ (၂.၅၅)ပိဿာ (၁)ဗူးနှုန်းဖြင့် ဆီဗူးပေါင်း( ၉၂၀)ဗူးခန့်ကို မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများ အသင်းအဖွဲ့ဝင်ကိုယ်စားလှယ်များက ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)