
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၁.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြို့မဈေး အတွင်းရှိ ကုန်မျိုးစုံအရောင်းများတွင် ရောင်းချနေသော ကုန်ပစ္စည်းများထဲမှ အသင့်စား ခေါက်ဆွဲ ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ခေါက်ဆွဲထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
DOCA (ဧရာဝတီ)