Main menu

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၇.၂၀၂၅)ရက်နေ့တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေး/ကုနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင်ဈေးအတွင်း ရောင်းချနေသော ဈေးဆိုင်များ၏ ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်းရှိ ဈေးဆိုင်(၂၃)ဆိုင်မှ အစားအစာ အရေအတွက် (၃၁)မျိုးအား ဓာတုဆေးဝါးများပါဝင်မှုရှိ/မရှိ၊ တာရှည်ခံဆေးများ ပါဝင်မှုရှိ/မရှိ၊ တားမြစ်ဆိုးဆေး များပါဝင်မှုရှိ/မရှိတို့ကို ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်းတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)