Main menu

မိသားစုစီးပွားရေးလုပ်ငန်းများသည် UAE ၏ GDP ၆၀ ရာခိုင်နှုန်းကို ပံ့ပိုးပေလျှက်ရှိ

Powered by Drupal

  မိသားစုစီးပွားရေးလုပ်ငန်းများသည် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ၏ ပြည်တွင်း အသားတင်ထုတ်ကုန် (GDP) ၏ ၆၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးပြီး နိုင်ငံ၏ လုပ်သားအင်အား၏ ၈၀ ရာခိုင်နှုန်းကို အသုံးချခဲ့ကြောင်း UAE စီးပွားရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဇူလိုင်လ ၂၇ ရက် နေ့က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သိရသည်။ မိသားစုပိုင်ကုမ္ပဏီများသည် နိုင်ငံ အတွင်း ပုဂ္ဂလိကကဏ္ဍအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားကြောင်း၊ မိသားစုစီးပွားရေး များသည် စီးပွားရေးအသစ်၊ လက်လီ၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးအပါအဝင် နယ်ပယ်အသီးသီး တွင် လုပ်ကိုင်နေကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Abu Dhabi တစ်ခုတည်းတွင် မိသားစုစီးပွားရေးလုပ်ငန်းများသည် ဆောက်လုပ်ရေးကဏ္ဍ၏ ၅၀ ရာခိုင်နှုန်း၊ ငွေကြေး ဝန်ဆောင်မှု ၆၀ ရာခိုင်နှုန်း၊ လက်ကားနှင့် ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ၇၀ ရာခိုင် နှုန်းတို့ကို ကိုယ်စားပြုကြောင်း ဝန်ကြီးဌာနမှ တရားဝင်ကိန်းဂဏန်းများ၏ ဖော်ပြချက်အရသိရ သည်။ စီးပွားရေးနှင့် ခရီးသွားလာရေး၀န်ကြီး Abdullah bin Touq Al Marri က နိုင်ငံ၏ GDP သည် ၂၀၃၀ ခုနှစ်ကုန်တွင် ၃ ထရီလီယံ UAE dirhams (အမေရိကန်ဒေါ်လာ ၈၁၇ ဘီလီယံခန့်) အထိမြှင့် တင်ရန် ရည်ရွယ်၍ မိသားစုစီးပွားရေးများ အားကောင်းလာစေရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက် နေကြောင်း ပြောကြားခဲ့သည် 

DOCA(ရန်ကုန်)