
ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများမြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည် ရင်းနှီးမှုများခိုင်မာစေရန်အတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။ ကမ္ဘောဒီးယားနို်ငငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Buakeo Phumvongsay တို့ တွေ့ဆုံစဉ် ၂၀၂၂ ခုနှစ်တွင်ချုပ်ဆိုခဲ့သော ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အရ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းရန်နှင့် တိုးချဲ့ရန် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ခရီးသွား နေရာများ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးမြှင့်ကာ နှစ်နိုင်ငံနယ်စပ်ရှိ ခရီးသွားများလာရောက်လည်ပတ်ရန် အထူးသဖြင့် နယ်စပ်ဒေသရှိ ခရီးသွားများ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေ ချောမွေ့စေရန် အတွက် အဓိကထားဆွေးနွေးခဲ့ကြသည်။
DOCA(ရန်ကုန်)