
ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ ရိုးရိုး ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့များကို ကျွန်းလှမြို့ ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရောင်းချနေသော နွားနို့ ဈေးနှုန်း များမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၀၀၀)ကျပ်၊ နွားနို့ခဲ(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)