Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားသလက် ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကျွန်းမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများ ရှိသလို တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် ပျားဖွတ်၍ ပျားရည်နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက်နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက် ရောင်းချကြပါသည်။

    ယခု ဇူလိုင်လ နောက်ဆုံးအပတ် ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊  (၁၀) ကျပ်သားခန့် တစ်ပြား လျှင်(၁၀၀၀)ကျပ် နှင့် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ပျားရည်ဈေးနှုန်းများမှာ ပျားရည်(၄၀)ကျပ်သားဝင် တစ်ပုလင်းကို (၂၀၀၀၀)ကျပ်၊ (၂၀)ကျပ်သားဝင် ဂျပ်ပြား တစ်ပုလင်းကို(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ပျားသလက်နှင့် ပျားရည်ရောင်းချသူထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)