Main menu

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ပဲပုတ် ပဲငပိအစိုနှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့ရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဈေးဆိုင် များတွင် ရောင်းချနေသော ပဲပုတ် ပဲငပိ ဈေးနှုန်းအနေဖြင့် ပဲပုတ် ပဲငပိ လက်လီ တစ်ပိဿာလျှင်(၆၀၀၀) ကျပ်၊ ပဲပုတ် ပဲငပိ(၅၀)ကျပ်သား လျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်းအနေဖြင့်  ပဲပုတ် ပဲငပိ ခြောက် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်နှင့် ပဲပုတ် ပဲငပိ ခြောက်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)