
(၂၉.၇.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဧရာရွှေဝါခန်းမတွင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်များရှိ e-Government လုပ်ငန်းများတွင် လုံခြုံရေးချိုးဖောက်မှုမရှိစေရေးအတွက် စစ်ဆေးမှုများဆောင်ရွက်ခြင်းနှင့် စာရင်း ကောက်ယူသည့် အခမ်းအနားအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စားသုံးသူ ရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သရဖီထွန်းမှ တက်ရောက်ခဲ့ပြီး မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၏ e-Government ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကွန်ယက်လုံခြုံရေးစနစ်ထားရှိမှုအခြေအနေများ၊ Data Backup နှင့် Anti Virus Software ထားရှိမှု အခြေအနေ များအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရပါသည်။
( DOCA ဧရာဝတီ)