Main menu

ညောင်တုန်းမြို့နယ် တူချောင်းကျေးရွာတောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

Powered by Drupal

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည်  (၃၀.၇.၂၀၂၅) နေ့ နံနက်(၀၉:၃၀) အချိန်တွင် ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

          တောင်သူအသိပညာပေး ဟောပြောရာတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ စားသုံးသူရေး ရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်နေပြီးကြောင်း၊ ကုန်စည် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူမှ စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့် ရှိပြီး နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေး ရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူ အနေဖြင့် လည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်အနေ ဖြင့်လည်းကောင်း စားသုံးသူကာကွယ် ရေးကိစ္စ ရပ်နှင့် သိရှိလိုခြင်း၊ တိုင်ကြား လိုခြင်းများအတွက် စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅ သို့ ဆက်သွယ်မေး မြန်းနိုင်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး တောင်သူများမှ သိရှိလိုသည် များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ဧရာဝတီ)