
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့စည်ပင်သာယာဈေးတွင်ရှိသော ဂျင်းဈေးနှုန်း များမှာ ဇူလိုင်လ ပထမအပတ်တွင် ဂျင်း၁၀ကျပ်သားလျှင်၈၀၀/ကျပ်ရှိခဲ့ပြီး ယခုလတတိယအပတ်တွင်လည်း ၈၀၀/ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ အတက်/အကျမရှိ ယခင်လဈေးနှုန်းအတိုင်း ဈေးငြိမ်နေပါသည်။
ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇူလိုင်လပထမအပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခုဇူလိုင်လတတိယအပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သား လျှင်၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေပါသည်။ ကြက်သွန်ဖြူ(ရှမ်း) ဈေးနှုန်းအနေဖြင့် ဇူလိုင်လပထမအပတ်တွင် ၁၀ကျပ်သားလျှင် ၁၀၀၀/ကျပ်ပေါက်ဈေးရှိနေပြီး ယခုဇူလိုင်လ တတိယအပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ်နေပါသည်။ ဂျင်း၊ ကြက်သွန်ဖြူဈေးကွက်တို့မှာ ဈေးနှုန်းတည်ငြိမ်နေပြီး ပုံမှန်ရောင်း၀ယ်လျက်ရှိပါသည်။
( DOCA ဧရာဝတီ)