Main menu

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို ဆက်လက်ရောင်းချပေးနေမှုများ     

Powered by Drupal

             နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ (၂၅-၈-၂၀၂၂) ရက်နေ့တွင် ဈေးကားများဖြင့်လှည့်လည်၍ ပြင်ပပေါက်ဈေးထက် သက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီများကို ရောင်းချပေးခဲ့ပါသည်။

          ထိုရောင်းချမှုတွင် ဆီလုပ်ငန်းရှင်(၂)ဦးမှ ဇေယျာသီရိမြို့နယ်နှင့် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာ (၂)ရွာ၊ မြို့နယ်စာရင်းစစ်ရုံးတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ်ဦးဆောင်၍ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ပိဿာချိန် (၁၃၂၀)ပိဿာကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၃)ဦးမှ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာ(၃)ရွာတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ် ဦးဆောင်၍ ပိဿာချိန် (၁၉၈၀)ပိဿာကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၁)ဦးမှ လယ်ဝေးမြို့နယ်ရှိ ကျေးရွာ(၂)ရွာတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ် ဦးဆောင်၍ ပိဿာချိန် (၆၆၀)ပိဿာကိုလည်းကောင်း တစ်ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။

          ဆက်လက်၍ ဆီလုပ်ငန်းရှင်(၂)ဦးမှ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ(၂)ရွာတို့တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးခင်မောင်ဆွေဦးဆောင်၍ ပိဿာချိန်(၁၃၂၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၃)ဦးမှ တပ်ကုန်းမြို့နယ်ရှိ ကျေးရွာ(၅)ရွာတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေဦးဆောင်၍ ပိဿာချိန်(၁၉၈၀)ကိုလည်းကောင်း တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။

           စားသုံးသူပြည်သူများမှ ယခုလိုကျေးရွာများအထိ ဈေးကားများဖြင့် ရောင်းချပေးသော နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများကိုလည်းကောင်း ကျေးဇူးတင်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)