
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် စားသုံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည် ညွှန်းစျေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ် ဆေးခြင်းကို မြို့သစ်မြို့၊ မြို့မစျေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆန်ဆိုင်များသို့ (၂၈.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူး နှင့် ဝန်ထမ်းများ ပူးပေါင်းကာ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များ၊ စားသုံးဆီအရောင်းဆိုင်များသို့ဝင်ရောက်၍ စားသုံးဆီနှင့်ဆန်များ အားရောင်းချပေးရာ၌ ကုန်းညွန်းအမှတ် အသားများကပ်ထားခြင်းရှိ/မရှိ၊ ဆန်များအား သတ်မှတ်ထားသည့် စျေးနှုန်းထက်ကျော် လွန်ရောင်းချခြင်းမပြုလုပ်ရန် ၂၀၂၅ခုနှစ် ဇူလိုင်လ ရည်ညွှန်းဈေးအပေါ် သင့်တင်မျှတစွာ တွက်ချက်ရောင်းချနေမှုများကု ကွင်းဆင်းစစ်ဆေးခြင်း ၊ ဆန်သိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန်ကို ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ညောင်တုန်းမြို့နယ်မှ ဆန်/စပါး သိုလှောင်ရုံ ၇၅လုံး သက်တမ်းတိုးဆောင်ရွက်ပီဲးစီးပြီဖြစ်ကြောင်းကို ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)