
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၉.၇.၂၀၂၅ နံနက်ပိုင်းတွင် ညောင်တုန်း မြို့ပေါ်ရှိ အလှကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်များသို့သွားရောက်၍ ကုန်စည်များပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ ပြဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးသည် ညောင်တုန်း မြို့ပေါ်ရှိ ကျော်ကျော်စတိုးဆိုင်၊ သီဟစတိုးဆိုင်၊ မြတ်မွန်စတိုးဆိုင်၊ မအေးသော်အလှကုန်ဆိုင် (၄)ဆိုင်မှ ရောင်းချနေသော စျေးကွက်အတွင်း ထုတ်လုပ်တင်သွင်း ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်း အမျိုးမျိုးပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့) တစ်ခုထက်ပို၍ဖြစ်စေ တွဲလျက် ဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
DOCA (ဧရာဝတီ)