Main menu

ဈေးကျလာသောရုံးပတီသီးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         မြင်းခြံမြို့ရှိ လေးအိမ်တန်းကျေးရွာ၊ ပတ္တာကျေးရွာနှင့် နဘူးအိုင်ကျေးရွာ များတွင်ရုံးပတီသီးပင်များ စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်း၊ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ရောင်းချနေသော ရုံးပတီသီးလက်လီ (၂၅)ကျပ်သားလျှင် (၁၀၀၀) ကျပ်၊  လက်ကားတစ်ပိဿာလျှင် (၃၅၀၀)ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ ယခင်လဇွန်လ နောက်ဆုံး ပတ်တွင်ရုံးပတီသီး တစ်ပိဿာ လျှင် (၄၀၀၀)ကျပ်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ရုံးပတီသီးလက်လီဈေးမှာ ပြောင်းလဲမှုမရှိကြောင်း၊ လက်ကားတစ်ပိဿာလျှင် (၅၀၀) ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ဒေသတွင်းကျေးရွာများမှ စိုက်ပျိုး ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊  ကျေးရွာများမှ ထွက်ရှိ သော ရုံးပတီသီးများကို ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း တောင်သူ၏ပြောကြားချက်အရ သိရှိရသည်။ ကျန်းမာရေး အကျိုးကျေးဇူး များအနေဖြင့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ်နှင့် အချဉ်ဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကိုကောင်းမွန်၍ အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင် ပေးကြောင်း၊ ကယ်လ်စီယမ်ပါဝင်မှုကြောင့် အရိုးပွခြင်းနှင့် သွားပျက်စီးမှုကိုကာ ကွယ်ပေးကြောင်း၊ ဗီတာမင်အေပါဝင်မှုကြောင့် အသားအရေစိုပြေစေပြီး မျက်လုံးအားကောင်းစေသောကြောင့် စိုက်ပျိုး ရလွယ်ကူပြီး အာဟာရဓာတ်များစွာပါဝင်သောကြောင့် ရုံးပတီသီးကို မိမိခြံဝင်းအတွင်း၌ စားသုံးရန် နှင့် ဝင်ငွေရရှိရန် တစ်ပိုင်တနိုင် စိုက်ပျိုးသင့်ကြောင်းသိရှိရသည်။

    DOCA (မန္တလေး)