Main menu

ကြိတ်မှန်ပင်၏ အသုံးဝင်ပုံနှင့် ဆေးဖက်ဝင်ပုံများ

Powered by Drupal

      ကြိတ်မှန်ပင်သည် အပူပိုင်းဒေသဖြစ်သော မြင်းခြံမြို့နယ်ရှိ ကျေးရွာများတွင် သဘာဝအလျောက်ပေါက်ရောက်ပြီး ဆေးဖက်ဝင်လှသော အပင်တစ်မျိုးဖြစ်ကြောင်း၊ အကိုင်း အခက်၊  အရွက်၊ အပွင့်၊ အသီး၊ အစေ့၊  အမြစ် စသည်ဖြင့် အစိတ်အပိုင်းအားလုံးကို ဆေးဖော်စပ်ရာ နှင့် အိမ်တွင်းကုထုံးများတွင် ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြကြောင်း၊ ကြိတ်မှန်ရွက်သည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုတို့ကို တိုက်ဖျက်နိုင်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ အနာ၊ ဝက်ခြံ၊ ယားနာ၊ နှင်းခူ၊ မှိုစွဲခြင်းများ၊ ရေကျောက်၊ ဝက်သက်စသည့် အရေပြားရောဂါများကို ကုသရာတွင် အရွက်ကို ကြိတ်အုပ်ခြင်း၊ ပြုတ်ရည်ဖြင့် ချိုးခြင်း/ဆေးခြင်း ပြုလုပ်ကြကြောင်း၊ သွားဖုံးရောဂါ၊ သွားကိုက်ခြင်းတို့အတွက် ကြိတ်မှန်ရွက် ပြုတ်ရည်ဖြင့် ငုံပေးခြင်း၊ ကြိတ်မှန်အတက်ဖြင့် သွားတိုက်ခြင်းများ ပြုလုပ်ကြကြောင်း၊ ကြိတ်မှန်ရွက်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အူထဲရှိ သန်ကောင်များကို ဖယ်ရှားပေးနိုင်ကြောင်း၊ ကြိတ်မှန်ဆီကို အစေ့မှထုတ်ယူရရှိပြီး ယားယံခြင်း၊ နှင်းခူ၊ ဝက်ခြံ၊ မှိုစွဲခြင်း၊ သန်ကောင် ကြောင့်ဖြစ်သော အရေပြားယားယံခြင်း၊ ဗောက်ထခြင်း စသည်တို့အတွက် ဆီကို တိုက်ရိုက် လိမ်းခြင်း သို့မဟုတ် လိမ်းဆေး၊ ခေါင်းလျှော်ရည်များတွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်း အသုံးပြုကြကြောင်း၊ ဗောက်ပျောက်စေခြင်း၊ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးခြင်း၊ ဦးရေပြားယား ယံခြင်းကို သက်သာစေခြင်း၊ ဆံပင်တွင် သန်းရှိပါက ကြိတ်မှန်ဆီ ကို လိမ်းပေးခြင်းဖြင့် သန်းများကို သေစေနိုင်ကြောင်း လေ့လာဖတ်ရှု့သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကြိတ်မှန်ရွက် လက်ဆုပ်တစ်စီးလျှင်(၅၀၀)ကျပ်၊ ၂၅ ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀) ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရသည်။

    DOCA (မန္တလေး)