Main menu

ပဲတီပင်ပေါက်ဈေးနှုန်းဈေးကွက်

Powered by Drupal

      ပဲတီပင်ပေါက်သည် အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စံပြဈေးနှင့် အေးမြသီတာဈေးများရှိ ကုန်စိမ်း ဆိုင်များ တွင်ဟင်းသီးဟင်းရွက်မျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသတွင်း ကျေးရွာများမှ ပဲတီစိမ်း နှင့် မတ်ပဲများကို အပင်ဖောက်၍ စီးပွားဖြစ် တစ်နှိုင်တစ်ပိုင် ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်နောက်ဆုံပတ်တွင်  ပဲတီပင်ပေါက် ၂၅ ကျပ်သားလျှင်  (၁၅၀၀) ကျပ်၊ တစ်ပိဿာ လျှင် (၅၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ နေ့စဉ်ကုန်ချိန် (၁၅) ပိဿာ ခန့်ရောင်းချရ ကြောင်း၊ စားသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း ပဲပင်ဖောက် ရောင်းချသူ၏ ပြောပြ ချက်အရ သိရှိရသည်။  ကိုယ်ခံအားစနစ်ကိုမြှင့်တင်သော ဗီတာမင်စီပါဝင်၍ အရေပြား ကျန်းမာရေး ကိုအထောက်အကူပြုကြောင်း၊  အမျှင်ဓာတ်နှင့် ပရိုတင်းဓတ် ပါဝင်သောကြောင့် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေး၍ ကယ်လိုရီနည်းပြီး အမျှင် ဓာတ်များ သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးကြောင်း၊ ပဲတီပင်ကို ဟင်းချိုချက်ခြင်း၊ သုပ်စားခြင်း၊ ကြော်ချက်ခြင်း စသည်ဖြင့် ဟင်းလျာများတွင် ထည့်သွင်း စားသုံးကြကြောင်း သိရှိရသည်။ ပဲပင်ဖောက်ရာတွင် အသုံးပြုသော ပဲတီစိမ်း လက်လီတစ်ပိဿာ လျှင်(၅၀၀၀)ကျပ်၊ တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရှိရသည်။

    DOCA (မန္တလေး)