Main menu

ဒေးဒရဲမြို့နယ်ရှိ ဘူးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ ဘူးဆီ အမျိုးမျိုးရောင်းချသည့် ဆိုင်များ အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     မြို့နယ်တာဝန်ခံက ရောင်းချနေသော ဘူးဆီများအား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ၊ ပုဒ်မခွဲ (၄၁) အရ  ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ စစ်ဆေးခဲ့ပြီး ဈေးကွက် အတွင်းရောင်းချနေသော ဘူးသွင်းဆီများ ဖြစ်သော အမေထွားမြေပဲဆီ၊ ဘဲလေးမြေပဲဆီ၊ Lotus ဟင်းသီးဟင်းရွက်ဆီ၊ ရွှေအုံ မြေပဲဆီဘူးများတွင် FDA ထောက်ခံချက်အမှတ်နှင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)