Main menu

ဘိုကလေးမြို့နယ် ၊ အလယ်တန်းလေ့ကျင့်ရေး ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

      ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် (၅) ရပ်ကွက်၊ အလယ်တန်းလေ့ကျင့်ရေးကျောင်း၌ ဆရာ/မ (၂၂) ဦး၊ ကျောင်းသား/သူ (၁၅၀) ဦး၊ စုစုပေါင်း (၁၇၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ် ရှိသော ဓာတုဆိုးဆေးများ အကြောင်း၊ မြန်မာဘာသာ (သို့) အခြားဘာသာ တစ်ခုထက်ပို၍ ဖော်ပြထား သော ကုန်စည်များကို ရွေးချယ် ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၉) ပုဒ်မ ၁၉ အရ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ အကြောင်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချူပ် တို့တွင် ဖွင့်လှစ်ထားရှိပြီး Call Centre 1535 မှလည်းဆက်သွယ်တိုင်ကြားနိုင်‌ကြောင်း ၊ ကျေိာင်းမုန့်ဈေးတန်း တွင် ရောင်းချနေသော မုန့်များကိုပါ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် လိုက်လံ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)