
မိုးရာသီသို့ရောက်ရှိလာသည့် ပန်းတိမ်မနိုင်ပန်းများ စတင်၍ ဈေးကွက် သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ပန်းအလှကို ပန်းထိမ်ဆရာများ လက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းထိမ်ငို ပန်းသည် သုံးရာသီရှိသော မြန်မာ့ရေမြေတွင် မိုးကာလတွင်ပွင့်လန်းသည့် ပန်းတစ်မျိုး ဖြစ်သည်။ ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင် တန်ဖိုးထား အလှဆင်သော ပန်းတစ်မျိုးလည်း ဖြစ်ပါသည်။ ပန်းတိမ်မနိုင်ပန်းများကို ၊ တောင်ကြီး၊ မေမြို့များတွင် စီးပွားဖြစ် စိုက်ပျိုးကြပါ သည်။ ယခင်နှစ်များက ပန်းတိမ်မနိုင်ပန်းကို အဖြူးရောင်တစ်မျိုးသာ စိုက်ပျိုးကြပြီး ယခုအခါ တောင်ကြီးမြို့နယ်ကျေးရွာများတွင် ခရမ်းရောင် ပန်းတိမ်မနိုင်ပန်းစိုက်ပျိုးကြပြီး ဈေးကွက်ထဲတွင် ရောင်းချနေပြီ ဖြစ်ပါသည်။
ပန်းတိမ်မနိုင်ပန်းသည် အခက်အကြီး/အသေးပေါ်တွင် မူတည်ကာ (တာ)ဟုခေါ်သော ပန်းခြင်း ဖြင့် ဝယ်ယူရပြီး လက်ကားဈေး ၁တာတွင် အခက်အကြီး/အသေးပေါ် မူတည်ပြီး (၃၀/၃၅)စီး ပါရှိပြီး ဈေးနှုန်းအနေဖြင့် (၄၀၀၀ဝိ/-မှ ၆၀၀၀ဝိ/-)ဈေးဖြင့် ဝယ်ယူရပြီး၊ အခက်အကြီးပေါ်မူတည်၍ဥ ရောင်းချကြပြီး၊အခက်ကြီး ၁၀ခက်ပါ ၁စည်းကို (၅၀၀ဝိ/- မှ ၇၀ဝဝိ/-)ဈေး ဖြင့် လည်းကောင်း၊ အခက်သေး ၁၀ခက်ပါ ၁စည်းကို (၂၀၀ဝိ/- မှ ၂၈ဝဝိ/-)ဈေးရောင်းချနေကြောင်း သိရှိရပါသည်။
( DOCA ဧရာဝတီ)