Main menu

ဒေးဒရဲမြို့နယ် “ဒေါ်ထွေး” ငါးပိ၊ငံပြာရည် လုပ်ငန်းသို့ ကွင်းဆင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ချောင်းဖျားကျေးရွာရှိ “ဒေါ်ထွေး” ငါးပိ၊ ငံပြာရည် လုပ်ငန်းသို့ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းခဲ့ကြပါသည်။

     လုပ်ငန်းရှင်က ငါးပိ၊ငံပြာရည် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းကို ဖျာပုံမြို့နယ် ၊ ဘုန်းကြီးသောင် ကျေးရွာမှ ရေငန်ထွက်ပစ္စည်း ဖြစ်သော ငါးတံခွန်၊မျှင်ငါးပိ အစရှိသည့် ကုန်ကြမ်း ပစ္စည်းများကို ဝယ်ယူရသည်။ အဆိုပါကုန်ကြမ်းများကို ဆားနှင့်နယ်ပြီး အိုးထဲတွင် (၃) လခန့် သိုလှောင်ရပြီး ထွက်ရှိလာသော ငံပြာရည် အကြည်ကို ခပ်ပြီးလျှင် မိုးပြဲဒယ်နှင့် ကျိုရပြီး အနည်နှင့် စွန့်ပစ်ပစ္စည်းများကို ဇကာဖြင့် စစ်၍စွန့်ပစ်သည်။ ထို့နောက်ရရှိလာသော ငံပြာရည်ကြည်များကို အအေးခံကာ ဒေးဒရဲမြို့နယ်နှင့် အခြားမြို့နယ်များသို့ ရောင်းချလျက်ရှိပါသည်။ ဈေးနှုန်း အနေဖြင့် ငါးပိတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ မျှင်ငါးပိ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငံပြာရည် တစ်ပိဿာ လျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ၊ မြိုနယ်တာဝန်ခံမှ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးနှင့် ဖော်မလင်များ ထည့်သွင်းသုံးစွဲမှုမရှိစေရေး အတွက် တွေ့ဆုံဆွေးနွေး ကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)