Main menu

ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် သလိပ်ကြီးကျေးရွာသို့ စားအုန်းဆီ ခွဲဝေ ဖြန့်ဖြူးရောင်းချ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်  သလိပ်ကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကို ခေါ်ယူ၍ စားအုန်းဆီခွဲဝေဖြန့်ဖြူး ရောင်းချ ခဲ့ပါသည်။

    ထို့နောက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား ကျေးရွာရှိ အိမ်ထောင်စုများသို့ စားအုန်းဆီများကို ပြည်သူထံသို့ ရောင်းချနေမှုများအား မှတ်တမ်းဓာတ်ပုံရိုက်၍ ပြန်လည်ပေးပို့ရန်နှင့် ဆီစာအုပ်များကို အိမ်ထောင်စုအလိုက် ခွဲဝေပေးရှိကြရန် ဆွေးနွေးခဲ့ကြပါသည်။

(Doca ဧရာဝတီ)