
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများ အရောင်းတွက်လျက်ရှိကြောင်း သိရသည်။
ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်းကွာဟလျက်ရှိပြီး ကြက်ဥ အလုံးကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ကြက်ဥ အလုံးသေး တစ်လုံးလျှင်(၄၀၀)ကျပ်၊ ဘဲဥ အလုံးကြီးတစ်လုံးလျှင် (၆၅၀)ကျပ်၊ဘဲဥ အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင်(၈၀၀)ကျပ်၊ဆားဘဲဥ တစ်လုံးလျှင်(၁၀၀၀)ကျပ်နှင့်ငုံးဥ တစ်လုံး(၁၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြာင်းနှင့် ယခင်လနှင့်ယခုလတွင် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
DOCA(ကရင်)