Main menu

ပခုက္ကူမြို့၏ ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဆန်စပါးစိုက်ဧကနည်းပြီး ဆန်လိုအပ်သောဒေသတစ်ခုဖြစ်၍ အခြားတိုင်းဒေသကြီးများမှ ဆန်တင်သွင်းရသော မြို့ကြီးတစ်မြို့လည်း ဖြစ်ပါသည်။ ပခုက္ကူမြို့သို့ ဆန်တင်သွင်းသောဒေသများမှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘို၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆင်ဖြူ ကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကုန်းဇောင်းဒေသများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ပခုက္ကူမြို့၏ လူအများဆုံး စားသုံးသောဆန်များမှာ ဧရာပဒေသာ(မြောင်းမြ)၊ ဧရာပဒေသာ (စလင်း)၊ အမေ့နို့ရည်၊ ကုန်းဇောင်း၊ မနောသုခ၊ ဖန်သီး(ရှယ်)တို့မှာ လူကြိုက်အများဆုံး ဆန်များ ဖြစ်ပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ရေလမ်းခရီးဖြင့် ယခင်က နေ့စဉ် ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် အိတ်ရေ(၁၂၀၀၀)ဝင်ရောက်လျက်ရှိပြီး ယခုအချိန်တွင် တစ်ပတ် လျှင် အိတ်ရေ(၁၂၀၀၀-၁၃၀၀၀)ထိဝင်ရောက်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ယခင်က တစ်ရက် လျှင် အိတ်ရေ(၁၀၀၀)ဝင်ရောက်ခဲ့သော်လည်း ယခုအချိန်တွင် တစ်ပတ်လျှင် အိတ်ရေ(၈၀၀ မှ ၁၂၀၀ ထိ)သာ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          ပခုက္ကူမြို့၏ ဆန်ဈေးနှုန်းအနေဖြင့် ဧရာပဒေသာ(မြောင်းမြ)သစ် တစ်အိတ်လျှင် ကျပ် (၁၀၇၀၀၀)၊ ကုန်းဇောင်းတစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဖန်သီး(ရှယ်)တစ်အိတ်လျှင် ကျပ် (၁၀၃၀၀၀)၊ မနောသုခ တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ ရက်(၉၀)တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဝန်ကြီးဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ အုန်းသျှစ်ကြီးတစ်အိတ်လျှင် ကျပ် (၁၂၅၀၀၀)၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ သီးထပ်(ရှယ်)တစ်အိတ်လျှင် ကျပ် (၉၉၀၀၀)၊ အမေ့နို့ရည်တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရှိရသည်။

DOCA(မကွေး)