
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်အစားအစာများ၊ ဒေသထွက်အသီးအနှံများနှင့် အခြားဒေသမှဝင်ရောက်လာသည့် အရန်သင့်အစားအစာများရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်အတွက် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း၊ ကန့်ဘလူမြို့ “မြို့မဈေး”တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်းဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်းလက်လီတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ တို့ဟူးစိမ်းလက်ကား တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၅၀)ကျပ်နှင့် တို့ဟူးခြောက် (၁)ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်းနှင့်တို့ဟူးခြောက် ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)