Main menu

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ကန့်ဘလူမြို့ငါးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချနေသော ငါးကြင်းဈေးနှုန်းမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၃၂၀၀၀ကျပ်၊ အကောင်(၁)ပိဿာလျှင် ၂၄၀၀၀ကျပ် ငါးကြင်းသားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း ၊ ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက်စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသောငါးမျိုးဖြစ် ကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း ငါးမြင်းအကောင်(၁)ပိဿာလျှင် ၁၈၀၀၀ကျပ်နှင့် ငါးတန်အကောင်(၁)ပိဿာလျှင် ၂၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငါးများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေး ဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)