Main menu

ကျွန်းလှမြို့၏ ခါကြက်ဥ နှင့် မုန်ညင်းထုပ် ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ ခဝဲသီး၊ ဗုံလုံသီး သင်္ဘောသီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး နှင့်  ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင် ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

    ခါကြက်ဥများကို ခါကြက်ဥ(တရုတ်)နှင့်(ဗမာ)ဟူ၍ ခါကြက်ဥ(၂)မျိုးရောင်းချလျက်ရှိရာ ယခု အချိန်တွင် ဒေသတွင်း ထွက်ရှိသည့် ခါကြက်ဥ(ဗမာ)ဥများ ရှားပါးလာသည့် အချိန်ဖြစ်၍ တရုတ် ခါကြက်ဥကိုတော့ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

    ဩဂုတ်လ ပထမအပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀) ကျပ် နှင့် ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် လည်းကောင်း၊  မုန်ညင်းထုပ် ဈေးနှုန်းများမှာ မုန်ညင်းထုပ်တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ် သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားသောက်ဆိုင်၊ ထမင်းဆိုင်များ နှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ အသုံးများသည့်အတွက် ဈေးကြီးသော်လည်း ရောင်းအား ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)