Main menu

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများအား စားအုန်းဆီနှင့် ကြက်ဥများ ရောင်းချပေးခြင်း

Powered by Drupal

          ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၇.၂၅) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာရုံးရှေ့တွင် စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့  ရောင်းချပေးရာတွင် စာသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊ စားအုန်းဆီ (၁) ပိဿာ (၇၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ပြည်သူများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)