Main menu

ဖိုးရွှေဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မင်းဘောကျေးရွာသည် ဆန်စပါးအား အဓိကစိုက်ပျိုးလုပ်ကိုင်သည့်  ဒေသဖြစ်သည်နှင့်အညီ ဆန်စပါးကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်များ သတ်မှတ်ချက်များနှင့်အညီ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ထုတ်ကုန်လုံခြုံစတ်ချရမှုရှိစေရေးအတွက် (၁-၈-၂၀၂၅) ရက်နေ့၊နေ့လယ်(၁၄:၀၀နာရီက စားသုံးသူရေး ရာဦးစီးဌာနမှ  မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါကြည့်ရှုစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက ဦးအောင်ဇော်ဦးသည့် ဖိုးရွှေဆန်စက်သို့ ကွင်းဆင်း၍  ဆန်စပါးများသတ်မှတ်ချက်များနှင့်အညီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး စနစ်တကျ စွန့်ပစ်နိုင်ရန် ၊ ဆန်စက်မှ ကြိတ်ခွဲထွက်ရှိသော ဆန်များ အလေးချိန်ပြည့်ဝစေရေး ၊ ဩဂုတ်လ သတ်မှတ်ရည်ညွှန်ဈေးဖြင့် မြို့နယ်အတွင်း ဖြန့်ဖြးရောင်းချနိင်ရေးကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ အား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)