Main menu

ကျေးရွာ ဆီရောင်းချသော ဆိုင်ရှင်များအား ဆီရောင်းချခွင့်လုပ်ငန်းစဉ်နှင့် စားသုံးသူအခွင့်အရေး အပြည်အဝရရှိပြီး ရောင်းချနိုင်ရန် အသိပညာပေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် တာဝန်ရှိသူများသည် ၁-၈-၂၀၂၅ ရက်နေ့က ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျေးရွာ ဆီရောင်းချသူ လုပ်ငန်းရှင် (၃၀) ဦးနှင့် တွေ့ဆုံ၍ စားသုံးသူအခွင့်အရေး သိကောင်းစရာနှင့် ဆီရောင်းချရာတွင် သတ်မှတ်ချက်နှင့် အညီရောင်းချနိုင်ရေး ယှယ်တွဲ၍ အသိပညာပေးခြင်းပြုလုပ်ခဲ့ကြသည်။

    ကျေးရွာ ဆီရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူရေးရာ ဦးစီးဌာနက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသကဲ့သို့ စားသုံးသူပြည်သူများ ကိုယ်တိုင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှ သာ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏စားသုံးသူအခွင့်အရေးများကို ထိရောက်မှန်ကန်စွာရရှိနိုင်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊ စားသုံးသူများသည် တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အကျင့်များ သို့မဟုတ် စားသုံးသူများအပေါ် မရိုးသားစွာအမြတ်ထုတ်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ပြန်လည်ဖြေရှင်းရန် တောင်းဆို ပိုင်ခွင့်ရှိသည်။ စားသုံးသူတစ်ဦး၏ မကျေနပ်ချက်များကို တရားမျှတစွာ ဖြေရှင်းနိုင်ခွင့်လည်းရှိပြီး မကျေနပ်ချက်ရှိပါက တရားဝင်တိုင်ကြားနိုင်ကြောင်း၊ ရှင်းလင်းခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဆီများကို စားသုံးသူထံရောင်းချရာတွင် သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း လူတိုင်းဆီဝယ်ယူရရှိနိုင်ရေးကို ရောင်းချရန် ဓနုဖြူမြို့နယ် ဆီအရောင်းကိုယ်စားလှယ်မှ ဆီရောင်းချခွင့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြီး  အလေးချိန် မှန်ကန်ပြည့်ဝစွာ ရောင်းချပေးနိုင်ရန်၊ ရရှိသော ဆီခွဲတမ်းများကို ထုတ်ယူပြီး သတ်မှတ်ရည်ညွှန်ဈေးထက် မပိုပဲ ရောင်းချပေးနိုင်ရန်နှင့် သတ်မှတ်ချက်များနှင့် မညီရောင်းချခြင်း၊ တိုင်ကြားခြင်းခံရပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းကို လုပ်ငန်းရျင်များအား ရှင်းလင်းပြီး ကျေးရွာ ဆီရောင်းလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်း၍ ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)