Main menu

ပန်းတနော်မြို့နယ် ဆန်စက်များအား ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များ(၈)စက်အား (၁-၈-၂၀၂၅) နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် စစ်ဆေးရေးတာဝန်ရှိသူများက ပန်းတနော်မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်အသုံးပြူသူ စက် (၈) ဆန်စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနက ဆန်စက်တာဝန်ခံများကို ဆန်စပါးများသတ်မှတ်ချက်များနှင့်အညီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး စနစ်တကျ စွန့်ပစ်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)