Main menu

မအူပင်ခရိုင် စက်မှုလုပ်ငန်းသုံး စားအုန်းဆီ ခွဲတမ်းပေပါများကို စနစ်တကျထုတ်ယူဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်သည် သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် ဆီကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး ဇူလိုင်လ တစ်လလုံး ၃ကြိမ် ခွဲတမ်းရရှိပြီး စုစုပေါင်း ခွဲတမ်းရစားသုံးဆီ(၂၈၉)ပေပါ ရောက်ရှိမှုအား သတ်မှတ်ရက်အတွက် ဆီရောက်ရှိမှုအပေါ် စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ၂၀၂၅ခုနှစ် ဩဂုတ်လအတွက် ရရှိရန် မအူပင်ခရိုင် ဆီလိုအပ်ချက် (၇၈၆)ပေပါအား စားသောက်ကုန်လုပ်ငန်းအတွက် လူဦးရေ ၅၀၉ ဆီပ်ဿာ (၈၆၁၃၀)ပိဿာ၊ ၇၆၃ ပေပါ နှင့် တန်အားဖြင့် (၁၄၀.၈၄) နှင့် ဟိုတယ် လုပ်ငန်းများအတွက် လူဦးရေ ၁ဦး ဆီပိဿာ (၃၃၀)ပိဿာ၊ တန်အားဖြင့် (၀.၅၄) ထုတ်ယူရရှိနိုင်ရန်တွက် စာရင်းပြုစု၍ တင်ပြဆောင်ရွက်လျက် ရှိကြောင်း လုပ်ငန်းရှင်များကိုလည်း လုပ်ငန်းအတွက် အမှန်တကယ်သုံးစွဲရေးနှင့် ပြန်လည်ရောင်းချခြင်း မပြုရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)