Main menu

ပန်းတနော်မြို့နယ် စားသောက်ဆိုင် ဝန်ဆောင်မှု လုပ်ငန်း တာဝန်ခံများနှင့် တွေ့ဆုံ၍ ဝန်ဆောင်မှု ကဏ္ဍအသိပညာပေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်များ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန်အတွက် စစ်ဆေးဆောင်ရွက်သလို၊ ဝန်ဆောင်မှု လုပ်ငန်းများကို စားသုံးသူများက  အသုံးပြုခြင်းကြောင့် ဝန်ဆောင်မှု လုပ်ငန်းများ တန်ဖိုးနှင့် အညီ စားသုံးသူက အသုံးပြုနိုင်ရန် စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

     ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စားသုံးသူပြည်သူများ လိုအပ်ချက်အရ ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးပြုသည့်အခါ အဆင်ပြေချောမွေ့စွာ တန်ဖိုးနှင့်အညီ အသုံးပြုနိုင်ရန်အတွက် (၂-၈-၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီက ခိုင်ခိုင်ကျော် ထမင်းဆိုင်၊ ခေးခေးလေး ထမင်းဆိုင်၊ ကေခိုင်ဦး ထမင်းဆိုင် မှ ဆိုင်တာဝန်ခံများနှင့် တွေ့ဆုံ၍ ဝန်ဆောင်မှု ကဏ္ဍနှင့် ပတ်သက်၍ လုပ်ငန်းများ ရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     စားသောက်ဆိုင်လုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများအရ  ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာဖြင့် ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူများထံမှ တစ်ပါတည်းကောက်ခံရာတွင် ကြိုတင်အသိပေး ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ ကောက်ခံရရှိသော ထိုကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာဦးစီးဌာနမှူးရုံးသို့ ပေးသွင်းရန် တာဝန်ရှိကြောင်း၊ စားသုံးသူဝယ်ယူအသုံးပြုရန် ဝယ်ယူသော ကုန်စည်တန်ဖိုးများကို မြင်သာစွာ ဖော်ပြထားန်ကိုလည်းကောင်း၊ စားသောက်ဆိုင်များတွင် စားသုံးသူများအနေဖြင့် စားသောက်ဆိုင်သို့ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ်ကပ်ထားသော ပြေစာကိုတောင်းယူခွင့်ရှိကြောင်းကိုလည်းကောင်း စားသောက်ဆိုင်များကလည်း စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ၊ အခွန်အမှတ် တံဆိပ်ကပ်နှိပ်ထားသောပြေစာများကိုသာ ထုတ်ပေးခြင်းဖြင့်လည်းကောင်း ပူးပေါင်းပါဝင် လိုက်နာ ဆောင်ရွက်ရန် အသိပေးပြောကြား ဆွေးနွေးကြောင်း သိရသည်။

DOCA(ဧရာဝတီ)