Main menu

စားသောက်ဆိုင်လုပ်ငန်းရှင်များအား ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်များ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန်အတွက် စစ်ဆေးဆောင်ရွက်သလို၊ ဝန်ဆောင်မှု လုပ်ငန်းများကို စားသုံးသူများက  အသုံးပြုခြင်းကြောင့် ဝန်ဆောင်မှု လုပ်ငန်းများ တန်ဖိုးနှင့်အညီ စားသုံးသူက အသုံးပြုနိုင်ရန် စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

   ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စားသုံးသူပြည်သူများ လိုအပ်ချက်အရ ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးပြုသည့်အခါ အဆင်ပြေချောမွေ့စွာ တန်ဖိုးနှင့်အညီ အသုံးပြုနိုင်ရန်အတွက် (၁-၈-၂၀၂၅) ရက်နေ့ နေ့လယ်  (၁၃:၀၀)နာရီက အိုးရှင်း စားသောက်ဆိုင် BAK စားသောက်ဆိုင်၊ ကောင်းမှကောင်း၊ အဆွေတော် စားသောက်ဆိုင် တာဝန်ခံနှင့် မြို့နယ်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်ရာတွင် စားသုံးသူစိတ်ကျေနပ်မှု ရှိစေရန် ဝန်ဆောင်မှုပေးနိုင်ရန်ကိုလည်းကောင်း၊ မိမိဝန်ဆောင်မှုများကို စားသုံးသူကြိုတင်သိရှိနိုင်ရန်၊ မှန်ကန်သောသတင်း အချက်အလက်နှင့်အညီ ဝန်ဆောင်မှု အဆင့်အတန်း ညီမျှရန်၊ အာမခံချက်နှင့်ကိုက်ညီရန်၊ အချိန်ကာလတစ်ခုအတွင်း ပြီးမြောက်စွာ ဝန်ဆောင်မှုပေးရန်၊ စားသုံးသူသဘောတူညီသော ဝန်ဆောင်မှု တန်ဖိုးအတိုင်း’ ပေးအပ်ရန်ကိုလည်းကောင်း၊ ဝန်ဆောင်ခနှင့် တန်ဖိုးအခွန်အခများကို စားသုံးသူအား ကြိုတင်အသိပေး ကြော်ငြာထားရန်တို့ကိုလည်းကောင်း အသိပေးပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပြစ်မှု၊ ပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကို ဆိုင်တာဝန်ခံများ သိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)