
၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ငရုတ်သီးစိမ်းဈေး အနည်းကျနေကြောင်း သိရသည်။
ငရုတ်သီးစိမ်းကို ဘားအံမြို့ အနီးတဝိုက် ကျေးရွားများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ငရုတ်သီးစိမ်းမှာလည်း မိုးမျှော်ငရုတ်သီး၊ ငရုတ်သီး အရှည်၊ ငရုတ်သီးအပု၊ ငရုတ်သီးအပွဆိုပြီး အမျိုးမျိုးရှိကြသည်။ ငရုတ်သီးပင်သည် နွေ၊မိုး၊ဆောင်း ရာသီမရွေး ဖူးဖွင့်ကာအသီးသီးလျက် ရှိသည်။ ငရုတ်သီးစိမ်းဈေးနှုန်းများမှာ မိုးမျှော်ငရုတ်သီး လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှင့်လက်လီဈေးနှုန်း(၉၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း အရှည် လက်ကားဈေးနှုန်း တစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀/၆၀၀၀)ကျပ်၊ ငရုတ်ပွ လက်ကားဈေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၄၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့အတွင်းဖြစ်ပေါ်နေသော ဇူလိုင်လနောက်ဆုံးပတ်နှင့်ဩဂုတ်လ ပထမပတ်ဈေးနှုန်း နှိုင်းယှဉ်မှုများအရ ကရင်ပြည်နယ်အတွင်း ငရုတ်သီးဈေးနှုန်းအနည်းငယ်ကျလျက် ရှိကြောင်းနှင့် ယခုလို ငရုတ်သီးစိမ်းဈေးနှုန်းအနည်းငယ်ကျရခြင်းမှာ ငရုတ်သီးပေါ်ချိန်တွင် မိုးများ၍ ရေကြီးခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)