ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝာဝန်ရှိသူများ ပူးပေါင်း၍ သြဂုတ် ၂၃ ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့ မြို့မဈေး အပြင်တန်းရှိ သွားတိုက်ဆေးရောင်းချနေသောဆိုင်များရှိ သွားတိုက်ဆေးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြရာတွင် လိုက်နာဆောင်ရွက်နိုင်ရန် ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်တွင် သွားတိုက်ဆေးများတွင်လည်း မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ကို တိကျစွာဖော်ပြထားပါကြောင်း၊ လက်လီ/ လက်ကား ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ တိကျစွာဖော်ပြထားသည့် သွားတိုက်ဆေးများကိုသာ ရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)