Main menu

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၆/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်း ခဲ့သည့် စားသုံးသူ ကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်း အရေးယူဆောင်ရွက်လျက်ရှိပါသည်။မန္တလေးတိုင်း ဒေသကြီးအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဖြေရှင်းရန်ကျန် တိုင်ကြားမှုများ၊ ဈေးကွက်အတွင်း ဦးစားပေး ကုန်စည်များ သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေး ရန်အတွက် (၂၉-၇-၂၀၂၅) ရက်နေ့  နံနက်(၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ မန္တလေးတိုင်းဒေသကြီး စားသုံးသူ ရေးရာကော်မတီ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း(၉) ဦး တက်ရောက်ခဲ့ကြပါသည်။        မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌက အဖွင့်အမှာစကား ပြောကြားပြီး၊ အတွင်း ရေးမှူးက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား အမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ရာတွင် ယခင် (၅/၂၀၂၅) စားသုံးသူရေးရာကော်မတီ အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ၂၅-ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇူလိုင်လ(၁၅)ရက်နေ့ထိ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆးခြင်း ဆောင်ရွက်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍ စိစစ်ဆောင် ရွက်ပေးခဲ့မှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် စားသုံးသူတိုင်ကြားမှု၊ ဖြေရှင်းဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန် တိုင်ကြားမှုများ၊ တိုင်ကြားမှုအပေါ် ဖြေရှင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ဖြေရှင်းဆောင်ရွက်ရန် ကျန်ရှိသည့်အမှုများအပေါ် ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ဥက္ကဌ၊ အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၀:၀၀) နာရီအချိန် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မန္တလေး)