
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းသီးနှင့်ခဝဲသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း အနေဖြင့် ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ခဝဲသီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ် ၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး၊ ယခု ဩဂုတ်လ ပထမပတ်တွင် ခဝဲသီး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေး နှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလျက် ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)