
ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရွှေဘိုမြို့ နှင့် မန္တလေးမြို့မှ ရောင်းချကြပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ရောင်းချနေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် နှင့် နှင်းပန်း(၁၀)စီး တစ်ထုံးလျှင် (၉၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခု ဩဂုတ်လ ပထမပတ်တွင် နှင်းပန်းဈေးနှုန်းများမှာ နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင်(၁၂၀၀)ကျပ်၊ (၁၀)စီး တစ်ထုံးလျှင်(၁၁၀၀၀)ကျပ်၊ အလားတူပင် ပန်တိမ်ငို(ခေါ်) ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် (အဖြူရောင်/ခရမ်းရောင်) အခက် အကြီး(၃)ခက်တစ်စည်းလျှင်(၇၀၀)ကျပ်၊ (အဖြူရောင်/ ခရမ်း ရောင်)အခက်သေး (၃)ခက်ပါ တစ်စည်း လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်ချလျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)