Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၃၀၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၁၂၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့် မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၄၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၀၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ ပခုက္ကူ ကြက်သွန်နီ (အသစ်)  အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀၊ အကြီးမှာ ကျပ် ၁၄၅၀၊  ရှယ်မှာ ကျပ် ၁၆၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၃.၈.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူကြက်သွန်နီမှာ ဈေးနှုန်းပြောင်းလဲခြင်းမရှိပါ။  မုံရွာ ကြက်သွန်နီနှင့် မြင်းခြံကြက်သွန်နီဈေးနှုန်းများမှာ  ယခင်အပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)