Main menu

စင်္ကာပူစားသုံးသူများကြား တရုတ်အမှတ်တံဆိပ်ပစ္စည်းများ ပိုမိုရေပန်းစားလာ

Powered by Drupal

    စင်္ကာပူနိုင်ငံအခြေစိုက် ဈေးကွက်သုတေသနကုမ္ပဏီ Black Box ၏ စစ်တမ်းအရ တရုတ် အမှတ်တံဆိပ် ပစ္စည်းများသည် စင်္ကာပူစားသုံးသူများကြားတွင် ပုံစံအမျိုးမျိုးဖြင့် လူကြိုက်များ လာ နေပါသည်။

     အရွယ်ရောက်သူ ၁၅၀၀ ကျော်ကိုကောက်ယူခဲ့သော စစ်တမ်းအရ စင်္ကာပူနိုင်ငံသား များသည် အဓိကကျသော ကဏ္ဍများတွင် အမေရိကန်ပစ္စည်းများထက် တရုတ်အမှတ်တံဆိပ် ပစ္စည်းများကိုသာ ပိုမိုနှစ်သက်ကျသည်ကိုတွေ့ရပါသည်။

   တရုတ်အမှတ်တံဆိပ်များကို ရွေးချယ်မှုသည် ဈေးနှုန်းသက်သာခြင်းကြောင့် မဟုတ်ဘဲ ယုံကြည်စိတ်ချရခြင်း ၊ယှဉ်ပြိုင်နိုင်ခြင်း၊ဒီဇိုင်းပိုင်းတိုးတက်လာခြင်းတို့ကြောင့် ဖြစ်ပါသည်။

    ၂၀၂၅ခုနှစ် ပထမ လေးလအတွင်း တရုတ်လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီ BYD သည် သက်တမ်းကြာမြင့်စွာ ဈေးကွက်ကို ဦးဆောင်းနေသော တိုယိုတာ အမှတ်တံဆိပ်ကို ကျော်တက်ပြီး စင်္ကာပူ၏ ရောင်းအားအကောင်းဆုံး ကားအမှတ်တံဆိပ် ဖြစ်လာခဲ့ပါသည်။

    ခြုံငုံပြီးပြောရမယ်ဆိုရင် အမေရိကန်ထုတ်ကုန်တွေအပေါ် သဘောထားပြောင်းလဲမှုတွေ ထပ်ဟပ်နေပါသည်။အမေရိကန်သမ္မတရဲ့ အခွန်စည်းကြပ်မှုကြောင့် အမေရိကန်ထုတ်ကုန်တွေအပေါ် သုံးစွဲမှုလျှော့ချရန် စီစဉ်နေကြောင်းတွေ့ရပါသည်။

Source: Xinhua      

DOCA (ရန်ကုန်)