Main menu

ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတံခါးသစ်များဖွင့်လှစ်ပေးနိုင်ရန်မျှော်မှန်းရသည့် ဗီယက်နမ်သမ္မတ၏ အီဂျစ်ခရီးစဉ်

Powered by Drupal

       ဗီယက်နမ်သမ္မတ Luong Cuong ၏ အီဂျစ်ခရီးစဉ်သည် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုနက်ရှိုင်းရန်နှင့် ဗီယက်နမ်-အီဂျစ်ဆက်ဆံရေးအား ဘက်ပေါင်းစုံမိတ်ဖက်ဖွဲ့မှုသို့ မြှင့်တင်ပေးနိုင်ရန်အတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်လာရန် မျှော်မှန်းရကြောင်း သိရပါသည်။ အီဂျစ်သည် ဗီယက်နမ်နှင့် ပထမဆုံးသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် အာရပ်နှင့် အာဖရိက နိုင်ငံဖြစ်ပြီး ထိုဆက်ဆံရေးတည်ထောင်ပြီးချိန်မှစ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် နှစ်နိုင်ငံကြားဆက်ဆံ‌ရေးအားကောင်းခဲ့ကြောင်း သိရပါသည်။ ကျွမ်းကျင်သူများ၏အဆိုအရ လူဦးရေ သန်း ၁၀၀ ကျော်နှင့် အာရှ၊ အာဖရိကနှင့် ဥရောပတို့ကိုချိတ်ဆက်နေသည့် ဗျူဟာ မြောက်တည်နေရာတို့ကြောင့် အီဂျစ်သည် ကုန်ပစ္စည်းများအခြားတိုက်ကြီးများသို့ တင်ပို့ရန် အရေးပါသောအချက်အချာဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် များစွာသောဒေသ တွင်းလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA)များ၏ အဖွဲ့ဝင်ဖြစ်သည့် ဗီယက်နမ် သည် အီဂျစ်ထုတ်ကုန်များ အရှေ့တောင်အာရှနှင့် အာရှပစိဖိတ်ဒေသသို့ဝင်ရောက်ရန် ဂိတ်တံခါး တစ်ခုအနေဖြင့်‌ ဆောင်ရွက်ပေးနိုင်ကြောင်း သိရပါသည်။ တူညီစွာပင် အီဂျစ်၏ အာဖရိကတိုက် လွတ်လပ်သောကုန်သွယ်ရေးဧရိယာတွင် အဖွဲ့ဝင်ဖြစ်မှုက ဗီယက်နမ်ကုန်ပစ္စည်းများ အာဖရိက နှင့် အရှေ့အလယ်ပိုင်းဈေးကွက်သို့ ပိုမိုထိရောက်စွာဝင်ရောက်နိုင်ရန် ကူညီပေးနိုင်ကြောင်း သိရပါသည်။ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏အဆိုအရ လတ်တလောတွင် အီဂျစ်သည် မြောက်အာဖရိကဒေသတွင် ဗီယက်နမ်၏အကြီးမားဆုံးနှင့် အာဖရိကတွင် တောင်အာဖရိကနိုင်ငံ ပြီးနောက်ဒုတိယအကြီးမားဆုံးနိုင်ငံဖြစ်ကြောင်း သိရပါသည်။ ကိုဗစ် ၁၉ ကပ်ရောဂါရှိသော် လည်း ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုမှာ  ၆.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၈ တွင် အမေရိကန်ဒေါ်လာ ၄၇၁.၈ သန်းမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၁၂ သန်းထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၄၇၂.၆ သန်းဖြင့် ၂၀၂၃ ခုနှစ်ကထက် ၉.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၆၆.၉ သန်းဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ဗီယက်နမ်မှ အီဂျစ်သို့အဓိကပို့ကုန်များတွင် အီလတ်ထရောနစ်ပစ္စည်းများ၊ ဖုန်းများနှင့် ဖုန်းအသုံးအဆောင်များ၊ ကော်ဖီ၊ ပင်လယ်စာ၊ အဝတ်အထည်၊ သီဟိုဠ်စေ့များ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များနှင့် များစွာသောစက်မှုထုတ်ကုန်များပါဝင်ကြောင်း သိရပါ သည်။ အီဂျစ်ထံမှအဓိကသွင်းကုန်များတွင် သစ်သီး၊ သတ္တုအပိုင်းအစ၊ ပလတ်စတစ်ပစ္စည်းများ၊ DAP ဓာတ်မြေဩဇာနှင့် အဝတ်အထည်နှင့် ဖိနပ်လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်အတွက် နှစ်နိုင်ငံစလုံးသည် FTA ညှိနှိုင်းဆွေးနွေးမှုအတွက် ဖြစ်နိုင်ချေများကို ဆွေးနွေးလျှက်ရှိကြောင်း သိရပါသည်။ အီဂျစ်နိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Rania Al-Mashat နှင့် ဗီယက်နမ်စက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီး Nguyen Hong Dien တို့၏ လတ်တလောအစည်းအဝေးတွင် Dien က ၆ ကြိမ် မြောက် ဗီယက်နမ်-အီဂျစ်ပူးတွဲကော်မတီကိုမကြာမီကျင်းပရန်အဆိုပြုခဲ့ပြီး FTA ကနဦးဆွေးနွေး မှုများစတင်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Dien ကနှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း လိုင်းဖွင့်လှစ်ခြင်းသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပြီး ကုန်သွယ်ရေးအတား အဆီးများဖြေရှင်းရန်နှင့် နှစ်ဖက်စလုံးမှစီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှုပိုမိုလွယ်ကူရေးကူညီပေးရန်တောင်းဆိုခဲ့ကြောင်း သိရပါသည်။ အီဂျစ်ဝန်ကြီး Al-Mashat ကလည်း ထိုအဆိုပြုကမ်းလှမ်းချက်များကို ကြိုဆိုခဲ့ပြီး စီးပွားရေးချိတ်ဆက်မှုမြှင့်တင် မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအေဂျင်စီများအား ဗီယက်နမ်နှင့် အနီးကပ်လုပ်ကိုင်ဆောင်ရွက်ရန်နှင့် FTA ညှိနှိုင်းဆွေးနွေးမှု ဖြစ်နိုင်ချေများကို ရှာဖွေရန်ညွှန်ကြားသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)