Main menu

ပို့ကုန်လုပ်ငန်းရှင်များအားဂုဏ်ပြုပွဲကျင်းပခဲ့ပြီး ပို့ကုန်-သွင်းကုန်အစီရင်ခံစာတင်ပြခဲ့သည့် ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန

Powered by Drupal

      ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) အောက်ရှိ ပြည်ပကုန်သွယ်ရေး အေဂျင်စီသည် နိုင်ငံ၏ပို့ကုန်ကြီးထွားမှုတွင် သိသာစွာပူးပေါင်းပါဝင်နိုင်ခဲ့သည့် လုပ်ငန်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ်လ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien က ပို့ကုန်-သွင်းကုန်စီးပွားရေးအသိုက် အဝန်း၏ အောင်မြင်မှုများကို ချီးမွမ်းခဲ့ပြီး လုပ်ငန်းများအား ကုန်ထုတ်လုပ်ခြင်းနှင့် စီးပွားရေး လုပ်ငန်းများတွင် ဆက်လက်ပြောင်းလွယ်ပြင်လွယ်ရှိပြီး ဆန်းသစ်တီထွင်ရန် တိုက်တွန်းခဲ့ ကြောင်း သိရပါသည်။ ဝန်ကြီးက စဉ်ဆက်မပြတ်အလယ်အလတ်နှင့် ရေရှည်ကြီးထွားမှုအတွက် ပို့ကုန်ဈေးကွက်များကွဲပြားမှုသည် အရေးကြီးပြီး နိုင်ငံ၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်ရုံသာမက ကမ္ဘာ့ ကုန်သွယ်ရေးတွင်ဗီယက်နမ်၏တည်ရှိမှုကို အားကောင်းစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Dien က MoIT ၏ ဦးစီးဌာနများအား အခက်အခဲအတားအဆီးများကိုဖြေရှင်းရန်အတွက် စီးပွားရေးအသင်းအဖွဲ့များ၊ လုပ်ငန်းများနှင့် အနီးကပ်လုပ်ကိုင်ရန်၊ ကုန်ထုတ်လုပ်ခြင်း နှင့် စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သောအခြေအနေများဖန်တီးပေးရန်နှင့် ပို့ကုန် မြှင့်တင်ရန် ညွှန်ကြားခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် MoIT သည် ဗီယက်နမ်၏ နှစ်စဉ်ပို့ကုန်-သွင်းကုန်အစီရင်ခံစာကို တင်ပြခဲ့ကြောင်း သိရပါသည်။ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင်ဗီယက်နမ်၏ ပို့ကုန်-သွင်းကုန်ကဏ္ဍသည် ပိုမိုသင့်လျော်ကောင်းမွန်သော မက်ခရို စီးပွားရေးဝန်းကျင်၊ အစိုးရ၊ ဝန်ကြီးဌာနများနှင့် ကဏ္ဍများ၏ အားထုတ်မှုများနှင့် စီးပွားရေး အသိုက်အဝန်း၏ ကြံကြံခံနိုင်မှုတို့ကြောင့် နာလံထူမှုအားကောင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၈၆.၉ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၀၅.၉ ဘီလီယံ (၁၄.၄ ရာခိုင်နှုန်းမြင့်တက်) ခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၃၈၁ ဘီလီယံ (၁၆.၇ ရာခိုင်နှုန်းမြင့်တက်)ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃၂.၁ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၁၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)