Main menu

၁၅ နှစ်ဆက်တိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး နာနတ်သီးတင်ပို့သည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သော ဖိလစ်ပိုင်နိုင်ငံ

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နာနတ်သီးတန်ချိန် ၆၈၀၀၀၀ မက်ထရစ်တန်ချိန်အထိ တင်ပို့မှုအပြီးတွင် ၁၅ နှစ်ဆက်တိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး နာနတ်သီးတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အစားအသောက်နှင့် စိုက်ပျိုးရေး အဖွဲ့အစည်း (FAO) ၏ထုတ်ပြန်ချက်အရ သိရပါသည်။ ၎င်း၏နှစ်ပတ်လည်စျေးကွက် အစီရင်ခံစာအရ FAO က ဖိလစ်ပိုင်နိုင်ငံမှ နာနတ်သီးတင်ပို့မှုမှာ စုစုပေါင်း မက်ထရစ်တန်ချိန် ၆၈၀၀၀၀ ခန့်ရှိ ပြီး ၁၄.၁ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ယခင်နှစ်တွင် နာနတ်သီးတင်ပို့မှုပေါင်း ၁၉ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး ကမ္ဘာ့တင်ပို့မှုစျေးကွက်၏ ၆၈ ရာခိုင်နှုန်းကို ကိုင်ဆောင်ကာ နာနတ်သီးတင်ပို့မှုအများဆုံးနိုင်ငံဖြစ်သည့် Costa Rica နောက်တွင် ရပ်တည် လျက်ရှိကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် နာနတ်သီးကို ၎င်း၏ အဓိကစျေးကွက်များဖြစ်သော ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ အမြန်ဆုံးနှုန်းဖြင့် တင်ပို့ လျက်ရှိကြောင်း FAO ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ဂျပန်နိုင်ငံသို့ နာနာတ်သီး တင်ပို့မှုသည် တစ်နှစ်ထက် တစ်နှစ် ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့ နာနတ်သီးတင်ပို့ မှုသည် ယခင်နှစ်ထက် ၂၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ FAO ၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံမှ ကမ္ဘာ့စျေးကွက်သို့ နာနတ်သီးတင်ပို့မှုမှာ ၂၀၂၄ ခုနှစ်တွင် တင်ပို့ခဲ့သော ၆၃၀ မက်ထရစ်တန်ချိန်ထက် တစ်နှစ်ထက်တစ်နှစ် ၆.၃ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ The STAR ၏ အစောပိုင်းဖော်ပြချက်အရ ၂၀၂၀၄ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ နာနာတ်သီးနှင့် နာနတ်သီးထုတ်ကုန်များမှ ရရှိသောဝင်ငွေသည် ဒေါ်လာ ၈၀၀ သန်းခန့် ရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ စာရင်းအင်းအဖွဲ့အစည်း (PSA)မှ ထုတ်ပြန်သော အချက်အလက်များ အရ သိရပါသည်။ နာနတ်သီးနှင့် နာနတ်သီးထုတ်ကုန်မှ ရရှိသော ဝင်ငွေသည် ‌ဒေါ်လာ ၇၈၇.၁၂ သန်းခန့် ရရှိပြီး ၇.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း PSA အချက်အလက်များအရ သိရပါသည်။ ပို့ကုန်ဖြတ်ပိုင်းများ၏ ထက်ဝက်ကျော်သည် နာနတ်သီး ခြောက်တင်ပို့မှုများမှ ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ငါးပုံတစ်ပုံကျော်အနည်းငယ် မြင့်တက်လာကာ ဒေါ်လာ ၄၂၈.၇၄ သန်း အထိ ရရှိခဲ့ကြောင်း PSA ၏ အချက်အလက်များတွင် ဖော်ပြထားကြောင်း သိရပါသည်။

Source: Philstar

DOCA (ရန်ကုန်)