Main menu

အာမခံငွေပေါင်း tk ၇၇၈၃ ကု‌ဋေခန့် ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ UCB

Powered by Drupal

       United Commercial Bank PLC (UCB) သည် အကောင့်ပေါင်း ၃၀၀၀၀၀၀ ကျော်ခန့် ဖွင့်လှစ်နိုင်ခဲ့ပြီး အာမခံငွေပေါင်း tk ၇၇၈၃ ကုဋေခန့်ရရှိကာ ၎င်းဘဏ်မှ ခေါင်းဆောင်များ၏ ဦးဆောင်မှုကောင်းမွန်မှုနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကို သက်သေပြနိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အောင်မြင်မှုများသည် ဒါကာမြို့ရှိ Kurmitola Golf Club တွင် ကျင်းပ ပြုလုပ်ခဲ့သော ၎င်း၏ ၄၂ ကြိမ်‌မြောက်အထွေထွေအစည်းအဝေးပွဲ (AGM) တွင် ဖြန့်ဝေတင်ပြခဲ့ ကြောင်း သိရပါသည်။ UCB ၏ ဥက္ကဌ Sharif Zahir က အဆိုပါအစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ် AGM သည် ဘင်္ဂလားဒေ့ဘဏ်၏ ကြီးကြပ်မှု ဖြင့် ဖွဲ့စည်းထားသော ဘုတ်အဖွဲ့အောက်တွင် ပထမဆုံးခေါ်ယူကျင်းပသည့် UCB ၏ ခြေလှမ်း အသစ်ကို ကိုယ်စားပြုသည့် ပထမဆုံးမှတ်တိုင်တစ်ခုဖြစ်ကြောင်း သိရပါသည်။ ရှယ်ယာဝင် များ၏ ခွင့်ပြုချက်ဖြင့် အဆိုပါဘဏ်၏ တရားဝင်မတည်ငွေကို tk ၂၅၀၀ မှ tk ၅၀၀၀ သို့ တိုးမြင့်ရန် အဆိုပြုချက်ကို အစည်းအဝေးက ထောက်ခံလိုက်ကြောင်းသိရပါသည်။ ထို့အပြင် အဆိုပါအစည်းအဝေးမှ အရင်းအနှီးများတိုးမြင့်ရေးနှင့် နည်းဗျူဟာ‌မြောက် ရင်းနှီးမြှုပ်နှံသူများ အတွက် အစရှယ် ယာအသစ်များထုတ်ဝေပေးရေးနှင့် ဘဏ်၏ အနာဂတ်တိုးတက်မှုနှင့် ဘဏ္ဍာရေးတည်ငြိမ်ရေးတို့အတွက် အားဖြည့်ရန် အဓိက ရည်ရွယ်သည့် အစုရှယ်ယာများ ထုတ်ပေးရေးကိုလည်း အတည်ပြုခဲ့ ကြောင်း သိရပါသည်။ အစည်းအဝေးအဆုံးတွင် UCB မှ ဘဏ္ဍာရေးဆိုင်ရာ အရာရှိ Faruq Ahmad က ရှယ်ယာကိုင်ဆောင်ထားသူများ၊ ကြီးကြပ်ရေးမှုးများအား ၎င်းတို့၏ တက်ကြွစွာ ပါဝင်ပေးမှု များ၊ ယုံကြည်မှုနှင့် အစဥ်အမြဲအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါသည်။

Source: The Daily Star     

DOCA (ရန်ကုန်)