Main menu

စားအုန်းဆီပင်ပြန်လည်စိုက်ပျိုးရန်အတွက်‌ ဒေါ်လာ ၃၃၀ ခန့် ရင်းနှီးမည့် မလေးရှားနိုင်ငံ

Powered by Drupal

    မလေးရှားနိုင်ငံ၏ ကုန်စည်ဝန်ကြီးဌာနက သြဂုတ်လ ၅ ရက်နေ့တွင် ၅ နှစ်တာစီးပွားရေး စီမံကိန်းအရ စားအုန်းဆီပင်ပြန်လည်စိုက်ပျိုးရေးအတွက် ခွဲဝေသုံးစွဲမှုကို ရင်းဂစ် ၁.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃၁ သန်း) အထိ မြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ရန်ပုံငွေသည် ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း အသေးစားလုပ်ငန်းရှင်များအကြား ကောက်စိုက်နှုန်းကို မြင့်တက်စေနိုင်ကြောင်း စိုက်ပျိုးရေးနှင့် ကုန်စည်ဝန်ကြီး Johari Abdui Ghani က လွှတ် တော်သို့ ပြောကြားခဲ့ကြောင်း သိရပါသည်။ ယခုနှစ်တွင် မလေးရှားနိုင်ငံ အစိုးရသည် အသေးစား လုပ်ငန်းရှင်များအတွက် ရင်းဂစ် ၁၀၀ သန်း (အမေရိကန်ဒေါ်လာ ၂၄ သန်း)အထိ အာမခံငွေများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပါသည်။ Johari က ယခင်နှစ်တွင် ပြန်လည်စိုက်ပျိုးရေးအတွက် ထောက်ပံ့ငွေ ၂ ရာခိုင်နှုန်းချပေးခဲ့ပြီး ယခုနှစ်တွင် ၄ ရာခိုင်နှုန်းခန့် ချထားရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက “ပြန်လည်စိုက်ပျိုးခြင်းသည် ၎င်းတို့၏ အနာဂတ် တင်ပို့မှုများအတွက် အရေးပါကြောင်း” ပြောကြားခဲ့ကြောင်း သိရပါသည်။

Source: CNA

DOCA (ရန်ကုန်)