
ဇူလိုင်လ ၂၇ ရက်အထိ ဂျပန်နိုင်ငံ စူပါမားကတ်များတွင် ရောင်းချလျက်ရှိသော လက်လီ ဆန်စျေးနှုန်းသည် ၅ ကီလိုလျှင် ယမ်း ၃၆၂၅ (အမေရိကန်ဒေါ်လာ ၂၄.၆ )အထိမြင့်တက်ခဲ့ ကြောင်း အစိုးရမှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရပါသည်။ ဇူလိုင် ၂၁ မှ ဇူလိုင် ၂၇ ရက် အတွင်းတွင် ဆန်စျေးနှုန်းသည် ယခင်အပတ်ထက် ယမ်း ၄၀ အထိ မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တော နှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ ယခင်ရက်သတ္တပတ်အတွင်း စျေးကွက်ပေါက်စျေးအပေါ် ဖိအားများ ကျဆင်းစေသည့် အစိုးရ၏ ဆန်သိုလှောင်မှု အရှိန်အဟုန်ကျဆင်းလာမှုကို ဝန်ကြီးဌာနက ထောက်ပံ့ခဲ့ကြောင်း သိရပါသည်။ သိုလှောင်ထားသော ဆန်များတွင်ပါဝင်လေ့ရှိသော ဆန်မျိုးကွဲများသည် ယခင်အပတ်ပေါက်စျေး ၅ ကီလို ယန်း ၃၁၃၃ ထက် ၄၅ ယန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည် ဆန်စျေးနှုန်းများကို စောင့်ကြည့်လျက်ရှိပြီး စူပါမားကတ် ၁၀၀၀ သို့ အပတ်စဥ် ရည်ညွှန်းစျေးများ ထုတ်ပြန်လျက်ရှိကြောင်း အချက်အလက်များအရ သိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)