Main menu

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၆.၅၆ ရာခိုင်နှုန်းကျဆင်း

Powered by Drupal

  ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုသည် ဇန်နဝါရီလ ၁ရက်နေ့မှ သြဂုတ်လ ၃ရက်နေ့အတွင်း ယခင်နှစ် အလားတူကာလထက် ၆.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ၅.၈.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

   ဇန်နဝါရီ၁ရက် မှ သြဂုတ်၃ရက်အတွင်း နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ၁၉.၅၇ မီလီယံရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံသည် ခရီးသွား ၂.၇၃ မီလီယံဖြင့် အကြီးဆုံး ဈေးကွက်အရင်းအမြစ် ဖြစ်ပါသည်။

    ပြီးခဲ့သည့် သီတင်းပတ်က ဘဏ္ဍာရေးဝန်ကြီးဌာနသည် ခရီးသွားဝင်ရောက်မှု ခန့်မှန်းချက်ကို ၃၆.၅ မီလီယံမှ ၃၄.၅ မီလီယံသို့ လျှော့ချခဲ့ပါသည်။ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ကာလက ခရီးသွား ဧည့်သည် ၄၀ မီလီယံ ဝင်ရောက်ခဲ့ပါသည်။

    ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ ဇန်နဝါရီလ ၁ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့ အတွင်း ယခင်နှစ် အလားတူကာလထက် ၄.၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

     ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့(TAT) က အရှေ့အလယ်ပိုင်းနှင့် အာဖရိက ဈေးကွက်ရှိ ခရီးသွား ၁ မီလီယံ လျာထားခြင်းသည် ပထဝီနိုင်ငံရေးအခြေအနေများကြောင့် စိန်ခေါ်မှုများ ရှိနေ ကြောင်း ထုတ်ပြန်ထားပါသည်။

Source: Xinhua      

DOCA (ရန်ကုန်)